*** Android TV(or)Box များတွင် Send files to TV App အသုံးပြု၍ CM TV App Install ပြုလုပ်နည်းအဆင့်ဆင့်ကိုပြသပေးထားပါတယ်။ Zapya နဲ့ ဖိုင်တွေကူးခဲ့တဲ့နည်းစနစ်မျိုးပါပဲ။

1. Playstore မှ Send files to TV App ကို ဖုန်းရော တီဗီမှာပါ အရင်ဆုံး install ပြုလုပ်ထားရပါမယ်။
2. ဒီ Link ကိုနှိပ်ပြီး ဖုန်းထဲကို TV App Download အရင်ဆွဲထားပေးပါ။
3. တီဗီထဲမှ Send files to TV App ကိုဖွင့်ထားပေးပါ။
4. ဖုန်းထဲမှ Send files to TV App ကိုဖွင့်ပြီး Send ဆိုတာကိုနှိပ်ပါ။ ခုန download ဆွဲထားတဲ့ TV App ကိုရွေးလိုက်ပါ။
5. ရွေးပြီးတဲ့အခါ မိမိရဲ့ Android TV(or)Box ကို လာပြပေးပါလိမ့်မယ်။ ရွေးချယ်ပေးလိုက်ပါ။
6. တီဗီရဲ့ Send Files App မှာ ပုံထဲကလို file ရောက်လာပြီး succeeded ဖြစ်သွားပါက select ပြုလုပ်ပြီး Open ကိုနှိပ်ပါ။ ဆက်လက်ပြီး Install ပြုလုပ်ပေးလိုက်ရင် ရပါပြီ။